Louts ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ။
Lotus သည် ဆယ်စုနှစ်တစ်ခုကျော်ကြာ အတွေ့အကြုံများစွာ ရင်းနှီးမြှုပ်နှံထားသော ဝန်ဆောင်မှုများဖြင့် အိန္ဒိယ၊ ထိုင်းနှင့် စင်ကာပူနိုင်ငံများရှိ JCI/NABH အသိအမှတ်ပြု ဆေးရုံပေါင်း ၅၀ ကျော်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို စီမံဖန်တီးထားသည့် ဝန်ဆောင်မှုဖြစ်ပြီး အနောက်နိုင်ငံများ၏ ကုသမှုကုန်ကျစရိတ်၏ ၃ ပုံ ၁ ပုံ နှုန်းဖြင့် ကောင်းမွန်သည့် ကုသမှုများရရှိစေရန် ဆောင်ရွက်ပေးပါသည်။ Lotus ၏ ထူးခြားသာလွန်သည့်ဝန်ဆောင်မှုကတော့ အစအဆုံးတာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဝန်ဆောင်မှုပေးသည့် ပုံစံဖြစ်ပါသည်။ လူကြီးမင်းက Lotus ကို စတင်ဆက်သွယ်သည့် အချိန်မှစ၍ ဗီဇာလျှောက်ထားခြင်း၊ ဆေးရုံနှင့်ချိတ်ဆက်ညှိနှိုင်းမှုများပြုလုပ်ပေးခြင်း၊ ခရီးသွားလာရေးနှင့်ဆေးကုသမှုအပြီးအစီး ကျန်းမာရေးစောင့်ရှောက်မှုအထိ အရာအားလုံးကို Lotus Team မှ ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးပြီး ဆောင်ရွက်ပေးပါသည်။ ၎င်းအပြင် ဆေးကုသမှုခံယူပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးချိန်တွင်လည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်သည့် အကြံဉာဏ်များကို ဆက်လက်ဝန်ဆောင်မှုပေးခြင်းဖြစ်ပါသည်။

ကမ္ဘာ့အဆင့်မီကျန်းမာရေးစောင့်ရှောက်မှုဆီသို့
ယုံကြည်စိတ်ချရသော ပေါင်းကူတံတား

Lotus သည် မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသာ လူနာများအတွက် ပြည်ပနိုင်ငံများ တွင် ဆေးကုသမှုခံယူခြင်းကို စိုးရိမ်ပူပန်မှုကင်းစွာဖြင့် စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်စေရန် ကူညီ ဆောင်ရွက်ပေးပါသည်။ မြန်မာနိုင်ငံလေဆိပ်သို့ ပို့ဆောင်ပေးခြင်း၊ တစ်ဖက်နိုင်ငံ လေဆိပ်တွင်လာရောက်ကြိုခြင်း၊ တည်းခိုနေထိုင်မည့် နေရာနှင့် အစားအသောက်စီစဉ်ပေးခြင်း၊ ဆေးဘက်ဆိုင်ရာကိစ္စများ ဆောင်ရွက်ရာ တွင် လွယ်ကူစေရန် ဘာသာပြန်ဝန်ဆောင်မှုပေးခြင်း၊ Apollo ကဲ့သို့ ထိပ်တန်းဆေးရုံများတွင် စိတ်ကျေနပ်မှု ပြည့်ဝစွာ ကုသနိုင်ရန်အတွက် အစအဆုံး ဝန်ဆောင်မှုပေးပါသည်။ ဆေးကုသမှု ခရီးစဉ်တစ်လျှောက်လုံးတွင် ပွင့်လင်းမြင်သာသော စျေးနှုန်းများ၊ အထူးနှုန်းထားများနှင့် တာဝန်ခံညှိနှိုင်းဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုများကို ရရှိမည်ဖြစ်ပါသည်။

သမိုင်းကြောင်း

LOTUS ကို ၂၀၂၀ ခုနှစ် တွင် (……) (တည်ထောင်သူအမည်၊ အလုပ်အကိုင်) က တည်ထောင်ခဲ့ပြီး ယနေ့တွင် လူနာများအတွက် အယုံကြည်ရဆုံးသော ပြည်ပနိုင်ငံ ဆေးကုသမှုနှင့် ခရီးသွားလာရေး ဝန်ဆောင်မှု ဖြစ်လာခဲ့ပါသည်။ Lotus သည် ဆေးကုသမှုပေါင်း ၁၂,၅၀၀ ကျော်ကို လွယ်ကူချောမွေ့ အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ပြီး ဆောင်ရွက်ပေးနိုင်၍ သင့်လျော်သော ကုသမှုရွေးချယ်စရာနည်းလမ်းများကို အကြံပြု လမ်းညွှန်ပေးခဲ့ပြီးဖြစ်ပါသည်။ Louts သည် ကျင့်ဝတ်သိက္ခာပိုင်း ခိုင်မာမှုနှင့် လူနာများ၏ အကျိုးပြုအစီအစဉ် များတွင် ပြန်လည်ရင်းနှီးမြှုပ်နှံမှုတို့ကြောင့် အသိအမှတ်ပြုခြင်းခံထားရသည့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပါသည်။
Schedule your visit online

ယနေ့ပဲ ကျန်းမာရေးစစ်ဆေးမှု ဝန်ဆောင်မှုများ ရယူလိုက်ပါ။


my_MMMyanmar