ဦးနှောက်အကြိတ်ရောဂါ (Brain Tumor) ဆိုင်ရာ သိကောင်းစရာများ

ဒီနေ့မှာတော့ အရေးကြီးတဲ့ လူတိုင်းအတွက် သိထားရမဲ့ ဦးနှောက်အကြိတ်ရောဂါအကြောင်းကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

ဦးနှောက်အကြိတ်ရောဂါဆိုတာဘာလဲ။

ဦးနှောက်အကြိတ်ရောဂါဆိုတာ ဦးနှောက်အတွင်းမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ပေါက်ပွားလာတာကိုခေါ်တာပါ။ ဒီအကြိတ်တွေက ကင်ဆာမဟုတ်တဲ့ (Benign) အကြိတ်တွေ ဖြစ်နိုင်သလို၊ ကင်ဆာဖြစ်တဲ့ (Malignant) အကြိတ်တွေလည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်အကြိတ်တွေဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေပြီး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ။

ဦးနှောက်အကြိတ်ရောဂါရဲ့ လက္ခဏာတွေက အကြိတ်ရဲ့ အရွယ်အစား၊ တည်နေရာနဲ့ အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာအချို့ကတော့-
  • ပြင်းထန်ပြီး မကြာခဏခေါင်းကိုက်ခြင်း (အထူးသဖြင့် မနက်ပိုင်းမှာ ပိုဆိုးတတ်ပါတယ်)
  • အမြင်အာရုံပြောင်းလဲခြင်း (မှုန်ဝါးဝါးဖြစ်ခြင်း၊ နှစ်ထပ်မြင်ခြင်း)
  • မူးဝေအော့အန်ခြင်း
  • ကိုယ်လက်တခြမ်းအားနည်းခြင်း သို့မဟုတ် ထုံကျဉ်ခြင်း
  • ခန္ဓာကိုယ် ဟန်ချက်ထိန်းနိုင်မှုခက်ခဲခြင်း
  • မှတ်ဉာဏ်အားနည်းခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ
  • ဝက်ရူးပြန်ရောဂါကဲ့သို့ တက်ခြင်း
  • စကားပြောဆိုရ ခက်ခဲခြင်
  • ကြားနိုင်စွမ်း သို့မဟုတ် အနံ့ခံနိုင်စွမ်း ပြောင်းလဲခြင်း
စတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲ။

အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခု သို့မဟုတ် တစ်ခုထက်ပိုပြီး ခံစားရတယ် ဆိုရင် လျစ်လျူမရှုဘဲ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး စစ်ဆေးမှုခံယူဖို့ အရေးကြီးပါတယ်။ အစောပိုင်းမှာ ရောဂါရှာဖွေတွေ့ရှိခြင်းက ကုသမှုအောင်မြင်ဖို့ အခွင့်အလမ်းပိုများပါတယ်။

ဘယ်လိုကာကွယ်နိုင်မလဲ။

ဦးနှောက်အကြိတ်ရောဂါကို တိကျတဲ့ ကာကွယ်နည်းရယ်လို့ မရှိသေးပေမယ့် ကျန်းမာတဲ့ လူနေမှုပုံစံကို ကျင့်သုံးခြင်း၊ ဓါတုပစ္စည်းတွေနဲ့ ထိတွေ့မှု နည်းအောင်နေထိုင်ခြင်း စတာတွေက အထောက်အကူပြုနိုင်ပါတယ်။

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်တာကြောင့် မိမိတို့ရဲ့ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ တွေ့ရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းချင် ပါတယ်။
အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေလို့ Lotus မိသားစုမှ အစဉ်အမြဲဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင် သိချင်တာရှိရင် Comment မှာ မေးသွားလို့ရပါတယ်ရှင်။

Book an Appointment

It’s easy and free!

mmlotusmedicare

mmlotusmedicare

en_USEnglish