ခန္ဓာကိုယ်မှပြောသောစကားများ

ကျနော်တို့ရဲ့ လူ့ခန္ဓာကိုယ်ဟာ မော်တော်ကားနဲ့ တူပါတယ်။ ကားတစီးမှာ စက်တခုခု ချို့ယွင်းလာရင် ဒတ်ရှ်ဘုတ်မှာ မီးရောင်စုံလေးတွေ လင်းလာပြီး သတိပေးသလို.. ခန္ဓာကိုယ်မှာ တခုခုပြသနာတက်ရင်လည်း…သတိပေးတတ်တဲ့ လက္ခဏာတွေ ရှိပါတယ်။

  • ကျောက်ကပ် မှာပြသနာရှိနေရင် ခါးနာတတ်ပါတယ်။ ကျောက်ကပ်နှစ်လုံးက တင်ပါးအပေါ် ခါးတဝိုက်မှာ ဘယ်တလုံး ညာတလုံးရှိတာမို့ ကျောက်ကပ်မှာ ပြသနာရှိနေရင် ခါးနာတာကနေတဆင့် သိရှိနိုင်ပါတယ်။
  • နှလုံး နဲ့ပတ်သက်တဲ့ ပြသနာတွေကိုတော့…ဘယ်ဘက်လက်မောင်းအတွင်းဘက် နာတာ၊ ရင်ဘတ်အောင်တာတွေကနေတဆင့် သိနိုင်ပါတယ်။
  • လည်ပင်းနဲ့ပုခုံးတဝိုက်နာကျင်တာက အဆုပ်နှင့်ဝမ်းဗိုက် အတွင်းမှာရှိတဲ့ ကြွက်သားပြားမှာ ပြသနာရှိတာကို ပြသနေတဲ့ လက္ခဏာတခုပါ။
  • ဘယ်ဘက်ပုခုံးထိပ်နာကျင်တာကသရက်ရွက် မှာ ပြသနာရှိနေပြီးလို့ သတိပေးနေတာပါ။
  • ရင်ပူတာရင်ဝတဝိုက်နာကျင်နေပြီဆိုရင်အစာအိမ် မှာ တခုခုဖြစ်နေပါပြီ။ အစာအိမ်နာတဲ့ဝေဒနာက ကျောဘက်မှာလည်း ခံစားရနိုင်တာကို သတိထားရပါမယ်။ ဝမ်းဗိုက်ညာဘက်နံရိုးတွေအဆုံးမှာနာတာက အသည်း က ပြသနာတွေကို သတိပေးနေတာပါ။ ဝမ်းဗိုက်ညာဘက်အပြင် ကျောညာဘက်ခြမ်းမှာလည်း နာတတ်သေးလို့ မပေါ့ဆသင့်ပါဘူး။
  • အူအတက်ရောင် တဲ့ဝေဒနာက ဝမ်းဗိုက်ညာဘက်အောက်ပိုင်းမှာ အထိမခံနိုင်အောင် နာတာမျိုးဖြစ်တတ်လို့ အဲလိုနာနေရင်အမြန်ဆုံး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
  • ညဘက်ဆီးသွားများခြင်း၊ရေငတ်ခြင်း၊နှုံးချိခြင်း များဖြစ်နေပြီဆို ဆီးချို စစ်ကြည့်သင့်ပါတယ်။
  • ဆီးတစက်စက်သွားခြင်း၊ဆီးညှစ်လိုက်ပြီဆို ဆီးသွားတာရပ်တန့်ပြီး စိတ်လျှော့လိုက်ပါက ဆီးပုံမှန် ပြန်ထွက်တဲ့လက္ခဏာဆို ဆီးကျိတ် ကို စစ်သင့်ပါပြီ။
  • ခြေထောက်တဘက်တည်းနာတယ် တံခေါက်ခွက်ထဲကနာတယ်ဆိုတာက ခြေထောက်မှာ ပြသနာရှိနေတာမဟုတ်ပဲ ခါးမှာ တခုခုဖြစ်နေတာမျိုးပေါ့ ခါးဆစ်ရိုး တွေကြီးလာလို့ အာရုံကြောမကြီးကို ဖိမိရင် ဖြစ်တတ်တဲ့ ပြသနာပေါ့။
  • လက်ဖျားထုံကျဥ်မယ် ဇက်ကြောတက်ခြင်း လက်ပြင်အောင့်ခြင်း ချာချာလည်အောင်မူးဝေးခြင်း အန်ခြင်း များ ဖြစ်နေပါက လည်ဆစ် အာရုံကြောညှပ် နေခြင်းဖြစ်ပါတယ်။
  • သွေးပျစ်ခြင်း လက္ခဏာက လက်ဖဝါးနီရဲမယ်၊အမြဲသန်းဝေပြီး ခန္ဓာကိုယ်လေးလံခြင်း၊အောက်စီဂျင်ကျခြင်း၊မောခြင်း နှလုံးနှင့်ဦးနှောက်အာရုံကြောများကို ထိခိုက်စေပါတယ်။

Book an Appointment

It’s easy and free!

mmlotusmedicare

mmlotusmedicare

en_USEnglish